ရန်ကုန်မြို့ပတ်ရထားကို တစ်နေ့လျှင် (၁၂) ခေါက်ပြေးဆွဲရာမှ (၅၇) ခေါက် ပြေးဆွဲရန် စီစဉ်နေ
မြန်မာ့မီးရထား (အောက်မြန်မာပြည်) တိုင်း(၇) အောက်ရှိ ရန်ကုန်မြို့ပတ်ရထားကို ကိုဗစ်-၁၉ ဒုတိယအကျော့ကာလ စက်တင်ဘာလမှစ၍ ရထားပြေးဆွဲမှုများကို လျှော့ချခဲ့ရာ တစ်နေ့လျှင် ရထားသုံးစင်းဖြင့် (၁၂) ခေါက်ပြေးဆွဲရာမှ (၅၇) ခေါက်ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ်ကြီးထံမှ သိရသည်။
“အခု ရန်ကုန်-မန္တလေး အစုန်၊ အဆန် ကုန်တင်ရထားပဲ ထွက်သေးတယ်။ ရန်ကုန်မြို့ပတ် ရထားသုံးစင်းကို တစ်နေ့ (၁၂) ခေါက်ပဲ ပြေးဆွဲနေပါတယ်။ အခုလောလောဆယ် တစ်နေ့ကို (၅၇) ခေါက်ပြေးဆွဲဖို့ စီစဉ်နေပါတယ်။ ဘယ်နေ့မှာ စပြေးဆွဲမလဲဆိုတာ စာအတိအကျ မထွက်သေးပါဘူး။ စီစဉ်နေပါတယ်”ဟု ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောသည်။
မြန်မာ့မီးရထား၏ မြန်မာတစ်နိုင်ငံလုံးသို့ ပြေးဆွဲနေသည့် ရထားခရီးစဉ်များအတွက် ရထား လက်မှတ်ခများကို ဇန်နဝါရီ (၂ဝ) ရက်က
www.yangonnation.com တွင် ကြေညာထားသော်လည်း ဘူတာကြီးသို့ တရားဝင် စာမရောက်သေးကြောင်း သိရသည်။